About MWEA
Myanmar Women Entrepreneurs’ Association, established in 1995, is a non-Government, nonprofit, nonpolitical and nonreligious association. (MWEA) is one of the pioneer organizations in Myanmar. MWEA has over 2700 registered members open to all 8 Regions and 7 States of Union of Myanmar. Its aim is to unite and bring into focus and world attention, the role and capabilities of Myanmar women entrepreneurs.
It organizes the energies and enterprise of Myanmar women, into a sisterhood with awareness, national and international vision and mission of social and self-development. Its membership is voluntary and includes women entrepreneurs and economically active women, professionals and managers. It is self-financed through subscriptions and fund contributions.
Our Vision
- To establish an identity as an entrepreneurial business women association
- To operate and grow as an NGO Association
- To build the leadership role of women business entrepreneurs
- To promote modern business management strategies and to actively
- participate in the economic and social development of the country
Our Mission
- Act as resources organization for sustaining programs of women development and income generation.
- Network internationally with women entrepreneurs worldwide.
- Regular meeting to provide member with opportunities for interaction, networking and joint activities.
- Lectures, seminars and workshops to promote awareness of women development and raise entrepreneurial and managerial capabilities of members.
Objectives of MWEA
- To unite and bring into focus and world attention, the role and capabilities of Myanmar Women as entrepreneurs business women.
- To facilitate communication and discussions, promote friendship and co-operative efforts among women entrepreneurs.
- To promote and encourage modern methods of business management among Myanmar Women Entrepreneurs.
- To participate in and promote activities to raise the social economic life of Myanmar Women and to encourage environment – friendly and culturally-sensitive business.
- To promote and encourage relationship with national and international women association, professionals and business academia.
Our members
- Women in business.
- Executive & supervisory staff in companies.
- Business educators and consultants.
Five Core Strategies
MWEA would adopt the following five Core Strategies in order to develop the capability and life of women in Myanmar and to upgrade their role and participation in the development of the country.
Upgrading and empowerment of the entrepreneurial and leadership capacity of women facilitating to have supportive culture, family, social environment and community that encourage women to take their entrepreneurial endeavors Support women to have access to financial and other capital as well as to the practical opportunities that allow them to implement their entrepreneurial endeavors Facilitating, advocating and supporting the right of women to take equal access of economic opportunities as well as to get wider stake holder participation and more ways to protect the women at work.
Providing humanitarian and charity supports for the poorest and the most vulnerable women and their families.
Our Values
MWEA will try our best to achieve our vision, standing strong and highly committed to the following values that we hold precious:
- Life of Women
- Entrepreneurial Capabilities of Women
- Women’s power to create happy family life and sustainable environment.
- The capabilities and opportunities for women to participate in the development of the country.
MWEA believes
- Women in Myanmar have the potential and capacity for entrepreneurship and leadership. With these capacity supported with capital, skill, knowledge and modern technology, there empowerment is assured.
- Women in Myanmar have a role play in the development of Myanmar.
- By collaborating and creating a platform of Myanmar Women Entrepreneurs, women in Myanmar can be empowered for leadership roles in the nation’s development.
ကျွန်ုပ်တို့၏ ရည်မှန်းချက်
(က) မြန်မာအမျိုးသမီးများ၏ စီးပွားရေးအခန်းကဏ္ဍနှင့် စွမ်းအားစုစည်းပေါ်လွင်၍ ကမ္ဘာ၌ ထင်ရှားလာစေရန်။
(ခ) မြန်မာအမျိုးသမီးများ အချင်းချင်း၊ ဆက်သွယ်ရိုင်းပင်းမှု၊ဆွေးနွေးညှိနှိုင်းမှု၊ ပူးပေါင်းလုပ်ဆောင်မှုဖြစ်ပေါ်လာစေရန်။
(ဂ) တိုးတက်ခေတ်မှီသော စီးပွားရေးနှင့်စီမံခန့်ခွဲမှုနည်းပညာများ မြန်မာစီးပွားရေး အမျိုးသမီးထုအတွင်း ပြန့်ပွားရေးအား အားပေးဆောင်ရွက်ရန်။
(ဃ) မြန်မာအမျိုးသမီးများ၏ လူမှုစီးပွားရေးဘဝတိုးတက်မြင့်မားရေး၊ ပတ်ဝန်းကျင်နှင့်မြန်မာ့ယဉ်ကျေးမှု အကျိုးပြု စီးပွားရေးလုပ်ငန်းပေါ်ထွန်းရေးအတွက် အားပေးပါဝင်ဆောင်ရွက်ရန်။
(င) ပြည်တွင်းပြည်ပ မှ အဖွဲ့အစည်းများ၊ စီးပွားရေးပညာရှင်များနှင့် ဆက်သွယ်မှု ကို အားပေးဆောင်ရွက်ရန်။
(စ) မြန်မာနိုင်ငံ၏ စီးပွားရေးဖွံဖြိုးတိုးတက်ရေးကဏ္ဍကိုပိုမိုအထောက်အကူဖြစ်နိုင်သော အမျိုးသမီး စွန့် ဦးတီထွင်သူများ ပိုမိုပေါ်ထွန်းလာစေရန်
(ဆ) စိတ်အားထက်သန်နေသော မြန်မာအမျိုးသမီးများ၏ စီးပွားရေးလုုပ်ငန်းများတွင် လိုအပ် နေသည့် စီးပွားရေး စီမံခန့်ခွဲမှုနည်းစနစ်များ၊ ခေတ်မှီနည်းပညာများ၊ စွမ်းဆောင်ရည်များ နှင့် စီးပွားရေးလုပ်ငန်းများ ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် ပံ့ပိုး၊ ကူညီ၊ မြှင့်တင် တည်ဆောက် ပေးရန်
MWEA ၏ တန်ဖိုးထားမှုများ
မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းသည်အောက်ပါတို့ကိုတန်ဖိုးထာသည့်အတွက် ဆက်လက်၍ အခိုင်အမာရပ်တည်ကာ မိမိတို့ အနာဂါတ်ပုံရိပ်ပီပြင်စွာ ပေါ်လွင်ရရှိလာ နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၁။ အမျိုးသမီးများ၏ ဘဝ
၂။ အမျိုးသမီးများ၏ စွန့်ဦးတီထွင် စွမ်းဆောင်နိုင်စွမ်း
၃။ အမျိုးသမီးများ၏ ၄င်းတို့မိသားစုနှင့် ပတ်ဝန်းကျင်အား ဖန်တီးနိုင်စွမ်း
၄။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် ပါဝင်နိုင်စွမ်း
အသင်းဝင်များ
စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများ
ကုမ္ပဏီလုပ်ငန်းများမှ အုပ်ချုပ်သူ၊ မန်နေဂျာ အမျိုးသမီးများ
စီးပွားရေးပညာရှင်များနှင့် အကြံပေးများ
ကျွန်ုပ်တို့၏ ယုံကြည်ချက်
(၁) အလွှာအသီးသီးမှ အမျိုးသမီးများတွင် စွမ်းဆောင်နိုင်စွမ်းနှင့် ခေါင်းဆောင်မှု အရည်အသွေးများရှိနေကြပြီး ယင်းအရည်အသွေးများအား မြှင့်တင်ပေးခြင်းနှင့် လိုအပ်သောခေတ်မှီနည်းပညာနှင့် အရင်းအနှီးများရရှိပါက မိမိတို့၏ ဘဝကို တိုးတက်မြှင့်မားအောင် စွမ်းဆောင်နိုင်ကြသည်ဟု ယုံကြည်ပါသည်။
(၂) မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် အရေးပါသောနေရာမှပါဝင်နေ သည်ဟုယုံကြည်ပါသည်။
(၃) မြန်မာနိုင်ငံရှိ အမျိုးသမီးစွမ်းဆောင်ရှင်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အလွှာအသီးသီးမှ အခြားသောအမျိုး သမီးများအား ထိရောက်စွာပံ့ပိုးပြီး လက်တွဲခေါ်ဆောင်သွားနိုင်မည်ဟု ယုံကြည်ပါသည်။
(၄) အလွှာအသီးသီးရှိ အမျိုးသမီးများတွင် ၄င်းတို့၏ မိသားစုနှင့် ပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်အောင် ဖန်တီးနိုင် စွမ်းရှိသဖြင့် အမျိုးသမီးများအား စွမ်းဆောင်ရည်တိုးတက်မြင့်မားလာလျှင် မိသားစုနှင့် ၄င်းတို့၏ ပတ်ဝန်းကျင် အသိုက်အဝန်းများလည်း တိုးတက်ဖွံ့ဖြိုးလာမည်ဟု ယုံကြည်ပါသည်။
ကျွန်ုပ်တို့၏ မျှော်မှန်းချက်
အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များ အသင်းတစ်ခုအနေဖြင့် ပေါ်လွင်စွာထင်ရှားစွာ ရပ်တည်ထူထောင်နိုင်ရန် NGO အဖွဲ့အစည်းတစ်ခုအသွင် လုပ်ငန်းများလုပ်ဆောင်ရန်နှင့် အောင်မြင်ကြီးထွားလာစေရန်တိုးတက်ခေတ်မှီသော စီးပွားရေးစီမံခန့်ခွဲမှုနည်းပညာများကို မြှင့်တင်ပေးရန်နှင့်၊ နိုင်ငံတော်၏ စီးပွားရေးနှင့် လူမှုရေးဘဝဖွံ့ဖြိုးတိုးတက်မှုများကို တက်ကြွစွာပါဝင်ဆောင်ရွက်ရန်။
ကျွန်ုပ်တို့၏ ပန်းတိုင်
အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဝင်ငွေလည်ပတ်နိုင်မှုတို့အတွက် အကျိုးပြုတည်တံ့နိုင်မည့် အစီအစဉ်များကို အရင်းအနှီးစီမံပေးသည့် အဖွဲ့အစည်းတစ်ခုအဖြစ် ဆောင်ရွက်ရန်။ ကမ္ဘာနှင့်အဝှမ်း အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံတကာကွန်ယက်ဆက်နွယ်မှုများပြုလုပ်ရန်။ အသင်းဝင်များအား အချင်းချင်း ဆက်သွယ်နိုင်မှု ကွန်ယက်ဆက်နွယ်မှု နှင့် ပူးတွဲလုပ်ဆောင်နိုင်မှု အခွင့်အလမ်းများရရှိစေရန်အတွက် ပုံမှန်အစည်းအဝေးကျင်းပရန်။ဟောပြောပွဲများ၊ဆွေးနွေးပွဲ များနှင့် အလုပ်ရုံဆွေးနွေးပွဲများအား အမျိုးသမီးတို့၏ဖွံ့ဖြိုးတိုးတက်မှုကို သတိမူမိစေခြင်းအတွက်အထောက်အကူပြုစေရန် နှင့်အသင်းဝင်များ၏ စီးပွားရေးလုပ်ငန်းဆိုင်ရာများနှင့် စီမံခန့်ခွဲမှု အရည်အသွေးများကို မြှင့်တင်ပေးနိုင်ရန်အတွက် ကျင်းပပြုလုပ်ပေးရန်။
ရည်မှန်းချက်(၅)ရပ်
အလွှာအသီးသီးတွင်ရှိသော မြန်မာအမျိုးသမီးများ၏ ဘဝတိုးတက်မြင့်မားလာရန်၊ စွမ်းဆောင်နိုင်စွမ်းများ ပိုမိုမြင့်မားလာပြီး တိုင်းပြည်၏ ဖွံ့ဖြိုးရေးတွင် အရေးပါသော ကဏ္ဍတစ်ရပ်အဖြစ် ပေါ်ပေါက်လာရန်အတွက် MWEA မှအောက်တွင်ဖော်ပြထားသော မဟာဗျူဟာများဖြင့် ဆောင်ရွက်သွား မည်ဖြစ်ပါသည်။
(၁) အမျိုးသမီးများ၏ ဘက်စုံစွမ်းဆောင်နိုင်စွမ်းနှင့် ခေါင်းဆောင်မှုစွမ်းရည် တိုးတက်ပြောင်းလဲလာစေခြင်းနှင့် ၎င်းတို့အား ပံ့ပိုးပေးသော ပတ်ဝန်းကျင်ကောင်းများရရှိလာနိုင်စေခြင်း။
(၂) အမျိုးသမီးများ၏ စွမ်းဆောင်နိုင်စွမ်းများအား လက်တွေ့အကောင်အထည်ဖော်နိုင်ရန်နှင့် ၎င်းတို့၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော အခွင့်အလမ်းများနှင့် ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ်များ ရရှိလာနိုင်စေခြင်း။
(၃) ပြည်တွင်း စီးပွားရေးလုပ်ငန်းငယ်များ ၊ အထူးသဖြင့်အမျိုးသမီးများဦးဆောင်သော စီးပွားရေးလုပ်ငန်းငယ်များ အတွက် ပံ့ပိုးပေးသော၊ အကာအကွယ်ပေးသော ဥပဒေများ မူဝါဒများပေါ်ပေါက်လာစေခြင်း။
(၄) အမျိုးသမီးများအား အလုပ်အကိုင်အခွင့်အလမ်းများတွင် တန်းတူအခွင့်အရေး ရရှိလာနိုင်စေခြင်းနှင့် လုပ်ငန်းခွင်ရှိ အမျိုးသမီးများ၏ ဘဝကိုကာကွယ်စောင့်ရှောက်မှုများရရှိလာစေခြင်း။
(၅) ဆင်းရဲနွမ်းပါးသော ထိခိုက်ခံစားရသော အမျိုးသမီးများနှင့် ၎င်းတို့၏ မိသားစု၊ ပတ်ဝန်းကျင်အား စောင့်ရှောက် ပံ့ပိုးကူညီခြင်း။
MWEA အသင်း၏ လုပ်ငန်းများ
- ပညာ့မိခင်အစီအစဉ် - စာမတတ်သူအမျိုးသမီးပပျောက်ရန်
- စီးပွားရေးအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစင်တာတည်ထောင်ခြင်း
- စံပြကျေးရွာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများဆောင်ရွက်ခြင်း
- အမျိုးသမီးများ(ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက်) အသိပညာပေးဟောပြောပွဲ များ၊ အသံလွှင့်ခြင်းများပြုလုပ်ခြင်း။
- စိုက်ပျိုးစရိတ်ချေးငွေများ ပံ့ပိုးကူညီခြင်း။
- ဝင်ငွေရလုပ်ငန်းများ ထူထောင်ပေးခြင်း။
မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၏ သမိုင်းကြောင်း
မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း (MWEA) သည် ၁၉၉၅ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး အကျိုးအမြတ်အတွက် မဟုတ်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်း အဖြစ်ရပ်တည်ခဲ့ပါသည်။ မြန်မာအမျိုးသမီးများ၏ စီးပွားရေးစွမ်းဆောင်နိုင်မှုတိုးတက်မြင့်မားရေးကို ရှေးရှုသော မြန်မာအမျိုးစီးပွားရေးစွမ်းဆောင်ရှင်များမှ စတင်ဉီးဆောင်ကာ အသင်းဝင်များအပေါ် အခြေခံသော အသင်းကြီး အဖြစ်ရပ်တည်ခဲ့ကြပါသည်။ အရင်းအမြစ်နှင့် ပညာရှင်များ စုစည်းရာ အင်အားစုအဖြစ်နှင့် အမျိုးသမီးများ၏ စွန့်ဦးတီထွင်စွမ်းဆောင်နိုင်မှုများ အားပေး ပံ့ပိုးပေးလျှက်ရှိပါသည်။
ယခုအခါ မြန်မာနိုင်ငံသည် ဒီမိုကရေစီကိုဖော်ဆောင်သော နိုင်ငံရေးတိုးတက်ပြောင်းလဲမှုများနှင့် တွေ့ကြုံ လာကြရပြီး နိုင်ငံတော်၏ စီးပွားရေး လူမှုရေး ကဏ္ဍများတွင်ပါ တိုးတက်ပြောင်းလဲလာတော့မည်ဖြစ်ပါသည်။ ယင်းကဲ့သို့ ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ အသင်းကြီးမျှော်မှန်းသော အနာဂတ်ပုံရိပ် အသင်းကြီး ရပ်တည်ချက်နှင့် လုပ်ငန်းများဆောင်ရွက်ချက်များမှာလည်း အသင်းကြီးရည်ရွယ်သော မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များနှင့် စွမ်းဆောင်နိုင်စွမ်း အလားအလာရှိသော အမျိုးသမီးများ၏ လိုအပ်ချက်များပေါ်မူတည်၍ ပိုမိုထိရောက်တက်ကြွစွာ လိုက်လံပါဝင်လှုပ်ရှားကြရတော့မည်ဖြစ်ပါသည်။
အသင်း၏ တည်ထောင်သူ
မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၏ တည်ထောင်သူ၊နာယက၊ အကြံပေး ဆရာမကြီး ဒေါ်ရီရီမြင့် သည် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဘီကွမ်း(ဂုဏ်ထူး)ဘွဲ့နှင့် Stamford University (USA) မှအမ်ဘီအေဘွဲ့တို့ကို ရရှိခဲ့ပါသည်။ တက္ကသိုလ်အသီးသီး ၌ ရာထူးအဆင့်ဆင့်တွင် (၃၉)နှစ်၃လ တာဝန်ထမ်း ဆောင်ခဲ့ပါသည်။ ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှစ၍ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင် များအသင်းကို အသင်းဝင်(၁၂)ဦးဖြင့် စတင်တည်ထောင်ခဲ့ပြီး ယနေ့အခါ အသင်းဝင် (၂၇၀၀)ကျော် ရရှိသည်အထိ အသင်း၏ ဦးဆောင်လမ်းပြနေသူဖြစ်ပါသည်။